Local News

ပြည်ပနိုင်ငံများသို့ စေလွှတ်မည့် စီးပွားရေးသံမှူးများအတွက် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လက်တွေ့အသုံးချရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်အမှာစကားပြောကြား

Last Updated:

ပြည်ပနိုင်ငံ (၁၂) နိုင်ငံသို့ စေလွှတ်မည့် စီးပွားရေးသံမှူး (၁၆) ဦးအတွက် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လက်တွေ့အသုံးချရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့၊ နံနက် ၀၉:၃၀ အချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် စီးပွားရေးသံမှူးများအနေဖြင့် မိမိတာဝန်ထမ်းဆောင်နေသည့်နိုင်ငံ၏ စီးပွားရေးအခြေအနေကို သာမက ကမ္ဘာ့စီးပွားရေးအခြေအနေကိုပါ ခြုံငုံသိရှိထားရန်လိုအပ်ကြောင်း၊ မိမိနိုင်ငံမှ အဓိကပို့ကုန်အလားအလာရှိသော ဈေးကွက်များ၊ ပို့ကုန် အမယ်သစ်များ တင်ပို့မှုဆိုင်ရာအချက်အလက်များ၊ သွင်းကုန်ဆိုင်ရာအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိထားပြီး မြန်မာ့ပို့ကုန်များ အတွက် ဈေးကွက်ရှာဖွေချိတ်ဆက်ပေးရန် လိုအပ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ အခွန်နှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ဖြေလျှော့မှုများကို မျက်ခြေမပြတ်လေ့လာပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ချိတ်ဆက်သွားရမှာ ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာနိုင်ငံများတွင် တာဝန်ထမ်းဆောင် သည့်အခါ နိုင်ငံတော်အပေါ် သစ္စာစောင့်သိပြီး နိုင်ငံ့ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာသွားရန် လိုအပ်ကြောင်း မှာကြားခဲ့ပါ သည်။ 

အဆိုပါသင်တန်းဖွင့်ပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းဆရာများနှင့် ပြည်ပနိုင်ငံများသို့ စေလွှတ်မည့် စီးပွားရေးသံမှူးများ တက်ရောက်ခဲ့ကြပါသည်။

 

(MYANTRADE)

Category: Local News